အသက်ရှင်သောနှုတ်ကပတ်တော်။

တစ်ခါက အလွန်ချမ်းအေးတဲ့ အရှေ့ဥရောပ နိုင်ငံ တစ်ခုရဲ့ြေ မအောက် အကျဉ်းစခန်း တခုမှာ ယုံကြည်သူ ခရစ်ယာန်တစ်ဦး အထိမ်းသိမ်း ခံနေရပါတယ်။  ရေခဲအမှတ်အောက်၃ဝ ဒီဂရီ လောက်ကျနေတဲ့ ဆောင်းရဲ့ တိုက်ခိုက်မှုဒဏ်ကိုကာကွယ်ဖို့ စောင်ကြမ်းကလေးတစ်ထည် ကိုသာအကျဉ်းစခန်းမှ သူ့ကိုပေးထားတယ်လို့ဆိုပါတယ်။

တနေ့ကျတော့တံခါးရုတ်တရက်ဝုန်းကနဲပွင့်လာပြီး ရိုက်ပုတ်ညှင်းပန်းခြင်း
ကြောင့် တကိုယ်လုံး ဒဏ်ရာဗလပွနဲ့ နောက်အကျဉ်းသားတစ်ယောက်ကိုတစ်စုံတစ်
ယောက်က ရက်စက်ကြမ်းကြုတ်စွာ တွန်းချလိုက်တယ်။ နောက်ဝင်လာတဲ့အကျဉ်းသား
ခမျာ နာကျင်မှုဝေဒနာများကြောင့် အေးစက်နေတဲ့တမံတလင်းကြမ်းပေါ်မှာမှောက်
လှဲနေတယ်။ သည်လူတော့မနက်မိုးမလင်းခင်သေမှာဘဲလို့ ခရစ်ယာန်ဘာဝင် ယုံကြည်သူပထမအကျဉ်းသားစဉ်းစားနေတယ်။ သည်လောက်အေးတဲ့ ဒဏ်ကိုကာကွယ်ဖို့စောင်ကလေးတစ်ထည်တောင်မရှိဘူးလို့လဲစဉ်း
စားနေမိတယ်။
ထိုစဉ်မှာသူရဲ့နားထဲကို တိုးညှင်းတဲ့အသံ ကလေးတခုဝင်လာတယ်။ ”မင်းခြုံ
နေတဲ့စောင်ကိုပေးလိုက်ပါ” ။  သူကလည်း စောဒကတက်ကာအလျင်အမြန်ပြန်ဖြေ
လိုက်တယ်။ ”အဖဘုရားကျွန်တော်ခြုံနေတဲ့စောင်ကိုပေးလိုက်ရင် ကျွန်တော်သေရ
ပါလိမ့်မယ်” အဲသည်အချိန်မှာတိုးညှင်းစွာ ကြားလိုက်ရတဲ့ ဘုရားသခင်ရဲ့အဖြေက
တော့-”အဲဒါကိုငါသိတယ်၊ ဒါပေမဲ့မင်းသူ့ကို သည်ညစောင်မပေးလိုက်ဘူးဆိုရင်
ကယ်တင်ခြင်းမရသေးတဲ့သူဟာသေသွားပြီး ငါနဲ့ထာဝရကင်းကွာရတော့မယ်၊ မင်းသေ
သွားရင်သည်ညအဖေ့အိမ်ကိုပြန်လာခဲ့ပေါ့၊ မင်းနဲ့ငါ အိမ်တော်မှာတွေ့ကြတာပေါ့”

ဘုရားသခင်ရဲ့တောင်းဆိုချက်ကို လိုက်နာသောထို ခရစ်ယာန်သည်ချက်ချင်းထရပ်
လိုက်ပြီး ဒုတိယအကျဉ်းသားအား သူ၏စောင်ကိုပေးလိုက်သည်။ ဒုတိယအကျဉ်းသား သည်ဖြစ်ပျက်နေသမျှတို့ကို မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ တွေဝေနေသည်။ မကြာသေးခင်မှာဘဲ သူလုံးဝမသိဘူးသောသူများ၏ရက်စက်စွာရိုက်ပုတ်
ညှင်းဆဲခြင်းကိုခံရပြီး၊ အခုတဖန်သူတခါမျှ မတွေ့ဘူးသောသူတစ်ယောက်ထံမှအကြင်
နာစေတနာများကိုခံစားနေရသည်။ ပထမအကျဉ်းသားက အဖြစ်အပျက်အလုံးစုံကို
အသေအချာရှင်းပြသည်။

ထိုညတွင် အမှန်တကယ်ပင် ထိုယုံကြည်သူပထမအကျဉ်းသားသည်လောကကိုစွန့်ခွါသွားခဲ့ရရှာပါတယ်။ ”ကျွန်တော် အသေအချာကိုနားလည်သဘောပေါက်လိုက်ပါတယ်၊ သူဟာကျွန်တော်တို့  လောကီသားအားလုံးကိုချစ်တဲ့ အဖဘုရားသခင်ရဲ့ရင်ခွင်တော်မှာခိုဝင်နေပါတယ်ဆိုတာကို……” ဟု နောက် နှစ်ပေါင်းအနည်းငယ်ခန့်အကြာတွင် မျက်ရည်စက်လက်ဖြင့် ရဲဝန့်စွာသက်သေခံကာ အမှုတော်ထမ်းနေတဲ့သူကတော့ဒုတိယအကျဉ်းသားဘဲဖြစ်ပါတယ်။

စဉ်းစားကြည့်ပါမိတ်ဆွေ၊ ထိုသူရဲ့ဘဝကို ပြောင်းလဲဖို့အတွက် အဲဒီည အဲဒီအကျဉ်းစခန်းထဲမှာကျမ်းစာအုပ် တစ်အုပ်မှမရှိပါဘူး၊ ဘုရားကျောင်းလဲမရှိပါဘူး၊ တရားဟောဆရာလဲမရှိပါဘူး၊ ရှိတာကတော့ရှင်သန်နေတဲ့ ‘နှုတ်ကပတ်တော်’ နဲ့ သန့်ရှင်းသောဝိညဉ်တော်ဘဲဖြစ်ပါတယ်။

နာမတော်မြတ်၌


သောင်းနိုး