ခေါင်းဆောင်မှုနှင့် ပတ်သက်သော ကောက်နှုတ်ချက်များ

ခေါင်းဆောင်မှုနှင့်ပတ်သက်သော  ကောက်နှုတ်ချက်များ ဟူသောခေါင်းစဉ်ဖြင့် ၂၀၁၀ အောက်တိုဘာလထုတ် မြန်မာ့တမန်မဂ္ဂဇင်းတွင် ယုံရှမ်း (ရှင်ဘွေယန်မြို့) က ကမ္ဘာ့ထင်ရှားကျော်ကြားသူများရဲ့ မှတ်ချက်ကို  ပြန်လည်တင်ပြပါသည်။ စစ်မှန်သောခေါင်းဆောင်မှု ဆိုတာဘယ်လိုလည်း? 

  1. ခေါင်းဆောင်မှုသည် ရာထူးမဟုတ်၊ အထူးအခွင့်အရေးတစ်ရပ်လည်းမဟုတ်၊ တာဝန်ရှိခြင်းတစ်ရပ်သာဖြစ်သည်။  (Peter Drucker)
  2. ခေါင်းဆောင်တစ်ဦး၏ ပထမဦးဆုံးသောတာဝန်မှာ အစစ်အမှန်တို့ကိုဖေါ်ပြခြင်းဖြစ်သည်။ (Max Depree)
  3. ခေါင်းဆောင်မှုတစ်ရပ်ရဲ့အလုပ်ဟာ ခေါင်းဆောင်တွေကို ပိုပြီးမွေးထုတ်ပေးဖို့ဘဲ၊ နောက်လိုက်တွေပိုမွေးထုတ်ဖို့ မဟုတ်ဘူး။ (Ralph Nadar)  
  4. ခေါင်းဆောင်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အနာဂတ်အမြင်ကိုပိုပြီးမြင့်မားကျယ်ပြန့်စေတယ်။ တစ်ဦးတစ်ယောက်ရဲ့ လုပ်နိုင်တဲ့ စွမ်းရည်ကို ပိုပြီးမြင့်မားစေတယ်။ တစ်ဦးတစ်ယောက်ရဲ့ သာမန်အကန့်အသတ်တွင်းရှိတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီးမြင့်မားစေတယ်။(Peter Drucker)
  5. ခေါင်းဆောင်မှုသည် အနာဂတ်အမြင်ကို ပြတ်သားစွာချမှတ်ရန်ဖြစ်သည်။ တန်ဖိုးများကိုတကယ်ဖြစ်စေ ပြီး တကယ်မြင်နိုင်သောအလုပ်များကို ပြီးမြောက်အောင် ပတ်ဝန်းကျင်တစ်ခုကိုဖန်တီး ပေးနိုင်ရမည်။ (Richard and Engle)
  6. လူတွေက ခေါင်းဆောင်တစ်ယောက်နဲ့ အကြီးအကဲတစ်ဦးအကြား ကွာခြားချက်ကိုမေ့လေ့ရှိကြတယ်။ ခေါင်းဆောင်ကပွင့်လင်းစွာ အလုပ်လုပ်တယ်။ အကြီးအကဲတွေက လျှို့ဝှက်တယ်။ ခေါင်းဆောင်တွေက ဦးဆောင်တယ်၊ အကြီးအကဲတွေက မောင်းနှင်တယ်။ (President Theodore Roosevelt)
  7. အောင်မြင်တဲ့ ခေါင်းဆောင်မှုတစ်ရပ်ရဲ့ သော့ချက်ဟာ လွှမ်းမိုးမှုပါ။ လုပ်ပိုင်ခွင့် အာဏာမဟုတ်ပါ။ (Kenneth Blanchard)