သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့်အတူ

ယေရှုက “ခမည်း တော် သည်သမ္မာတရား ကိုပြသော ဝိညာဉ်တော် တည်းဟူသော တပါးသော ဥပဇ္ဈာယ် ဆရာကိုသင်တို့နှင့် အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။  ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏” ဟု (ရှင်ယောဟန် ၁၄း၁၆-၁၇) တွင်မိန့်တော်မူသည်။ ဤသည်မှာ ဒုတိယမွေးခြင်း ခံရပြီးသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အတူပါရှိခြင်း၊ လမ်းပြပို့ဆောင်ခြင်းကိုရရှိကြောင်းဖော်ပြခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ် ကို ကျွန်ုပ်တို့မကြာခဏဆိုသလို ကြားသိကြရသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် သုံးပါးတဆူဖြစ်တော်မူသော ဘုရားသခင်တွင် တတိယမြောက်သောပုဂ္ဂိုလ်ဖြစ်သည်။

မယုံကြည်သောသူ၊ သာသနာပလူများသည် သန့်ရှင်းသောဝိညာဉ်တော် မသိရှိကြသည်မှာ မထူးဆန်းသော်လည်း၊ ၀မ်းနည်းဘွယ်ကောင်းသည့်အချက်တစ်ခုမှာ မိမိကိုယ်ကို ခရစ်ယာန်ဖြစ်သည်ဟု ဆိုသူအတော်များများသည်လည်း သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဘုရားသခင်၏ ပါရှိခြင်း၊ လမ်းပြခြင်း၊ ကောင်းကြီးပေးခြင်း အကြောင်းကို အသေအချာနားမလည်ကြချေ။ ထို့ကြောင့် အသွေးအသားနှင့်သက်ဆိုင်သော လောကီအပြစ်၏ သွေးဆောင်မှု များနောက်သို့ ကောက်ခါငင်ခါ ပါသွားကြခြင်းဖြစ်သည်။

ရောမ ၈း ၁၃-၁၄ တွင် “သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင်သေရကြမည်။ ဝိညာဉ် တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသမျှ သောသူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။” ဟုဖေါ်ပြထားသည်။


ထို့ကြောင့်မိတ်ဆွေ ကိုယ့်ကိုယ်ကို အသေအချာ စမ်းစစ်ဖို့အတွက် ၂ကော ၁၃း၅ မှာ အောက်ပါအတိုင်းအတိအကျ ဖေါ်ပြထားပါတယ်။ “သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သောသူ မမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကိုကိုယ် မသိကြသလော။

သန့်ရှင်းသော ၀ိညာဉ်တော် သင်နှင့် အတူရှိမရှိ ဘယ်လိုနည်းနဲ့စစ်ဆေးမလည်း၊ သမ္မာကျမ်းစာဖော်ပြထားတဲ့အတိုင်း စစ်ဆေးဖို့ဖြစ်ပါတယ်။ ဂလာတိ အခန်းကြီး (၅) မှာ သန့်ရှင်းသော ၀ိညာဉ်တော် ပါရှိသောသူ မှာတွေ့ရတဲ့ ၀ိညာဉ်ပကတိရဲ့အကျိုး၊ အသီးအပွင့်တွေနဲ့ စမ်းစစ်ဖို့ ဖြစ်ပါတယ်။
ဝိညာဉ် ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ ၂၃နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သော အကျင့် ကိုအဘယ်တရားမျှမမြစ်တား “ (ဂလာတိ ၅း ၂၂)

Internet ထဲမှာ အသင်းတော်ကြီးတစ်ခုရဲ့ ဆရာတပါးက ၀ိညာဉ်ပကတိရဲ့ အကျိုး၊ အသီးအပွင့်တွေနဲ့ပတ်သက်ပြီး အနက်အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြထားဒါကို အနည်းငယ် ပြန်လည်ဝေငှလိုပါတယ်။

ချစ်ခြင်း              -အခြားသူများ၏ကောင်းကျိုး အတွက်မိမိကိုယ်ကို အနစ်နာခံခြင်း။

ဝမ်းမြောက်ခြင်း ဘုရားသခင်နှင့် သူပေးသောကောင်းကြီးတို့အပေါ် ကြီးစွာသောဝမ်းမြောက်     
                              ပျော်ရွှင်မှုရှိခြင်း။

ငြိမ်သက်ခြင်း     – ပတ်ဝန်းကျင်အခြေအနေများမည်သို့ပြောင်းလဲနေပါစေ  
                              ထိုအရာများအပေါ်ရပ်တည်ခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်မှုကိုရရှိခံစားခြင်း။

နှုးညံ့သိမ်မွေ့ခြင်း– နာခံတတ်ခြင်း ဦးဆောင်သောအခွင့်ရှိသူတို့၏ ညွန်ကြားမှုတို့ကို 
                             နာခံလိုသောသဘောထားရှိခြင်း

စိတ်ရှည်ခြင်း    – ဒုက္ခဆင်းရဲခြင်း ဖိနှိပ်ခြင်း များတွေ့ကြုံရသော်လည်း တည်ငြိမ်ရင့်ကျက်ခြင်း၊ 
                            မိမိကိုယ်ကိုထိန်းချုပ်ထားနိုင်ခြင်း

ကျေးဇူးပြုခြင်း  – အခြားသူများအပေါ် ဂရုဏာတရားရှိခြင်းကောင်းမြတ်ခြင်း၊ အလျှော့ပေးတတ်ခြင်း။

သစ္စာစောင့်ခြင်း လူတို့၏ စိတ်ချယုံကြည်မှုကိုရရှိခြင်း။

ကာမဂုဏ်ချုပ်တည်းခြင်း – မိမိ၏လိုအင်တစ်ခုတည်းကိုသာနားလည်ခြင်းမဟုတ်ဘဲ အခြားသူများအတွက် 
                           စဉ်းစားပေးတတ်ခြင်း

စစ်မှန်သော ခရစ်တော်၏နောက်လိုက်တပည့် (သို့) ယုံကြည်သူများသည် လောကီအပြစ်တရားတို့၏ သွေးဆောင်မှုနောက်လိုက်ပါခြင်းမရှိဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှု၊ သန့်ရှင်းသောဝိညာဉ်တော် ၏သဘောသဘာဝနှင့် ပြည့်ဝသောသူများဖြစ်သည်။ ထိုသန့်ရှင်းသော ၀ိညာဉ်တော်၏ သဘောသဘာဝနှင့် မကိုက်ညီသောသူများသည် ခရစ်တော်နှင့် မသက်ဆိုင်ဟု ရောမ ၈း ၉ (ခ) တွင်အတိအလင်းဖော်ပြထားပါသည်။ “………ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်” (ရောမ ၈း ၉)။

မိတ်ဆွေ သခင်ယေရှုကို ယခုပင် သင့်နှလုံးသား၌ ခေါ်ဖိတ်ပြီး သန့်ရှင်းသော ၀ိညာဉ်တော်၏ လမ်းပြပို့ဆောင် ပါရှိကောင်းကြီးပေးခြင်းအားဖြင့် လောကအပြစ်၏ သွေးဆောင်ခြင်းကို အနိုင်ယူပါ။ သို့မှသာ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ အသီးအပွင့်များကို ရရှိခံစားရပြီး အပြစ်ရဲ့အခ ဖြစ်တဲ့ ထာဝရ သေခြင်းမှလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။




ခရစ်တော်နာမတော်မြတ်၌

သောင်းနိုး

မှတ်ချက်။ Sermon Central website မှ Terry Laughlinရေးသော You Must have the Spirit of Christ ကို ကိုးကားပြီးတင်ပြထားပါသည်။

Leave a Reply