ဧပြီ (၁၅) ရက်နေ့မှာ ဆရာမခေါန်ဂျာ က ဒါဝိဒ် ဘုရင်ကြီးအားဖြင့် သင်ခန်းစာယူပြီး ခွန်အားယူရန်တိုက်တွန်းနှိုးဆော်ပါတယ်။ များသောအားဖြင့် ဒါဝိဒ် ဘုရင်ကြီးဟာ အပြစ်ကြီးသူဖြစ်ပေမယ့် ဘုရားသခင်ထံ သူ့ရဲ့ အပြစ်ကို ၀န်ချတောင်းပန်တဲ့အခါ ဘုရားသခင်က ခွင့်လွတ်တော်မူကြောင်း၊ ဘုရားသခင် စိတ်တော်နှင့် တွေ့သောသူဖြစ်ကြောင်း၊ အပြစ်တွေဘယ်လောက်ကြီးပါစေ စစ်မှန်သောနောင်တရခြင်းနှင့် အတူဘုရားရှင်ထံ တိုးဝင်လျက် တောင်းပန်ခြင်းကို ပြုလျှင်ခွင့်လွှတ်ခြင်းကို ရနိုင်ကြောင်း ဆိုသည့် အဆင့်အထိကိုသာ ပြောဆို၊ ဟောပြော ဆွေးနွေးတတ်ကြပါတယ်။ ဆရာမရဲ့ တရားဒေသနာမှာတော့ ဒါဝိဒ်ဘုရင်ကြီးကို ဘုရားရှင်ခွင့်လွှတ်ဒါ မှန်ပါတယ်။ ဒါပေမယ့် ဒုတိယ အပိုင်းအနေနဲ့ ဒါဝိဒ်ဘုရင်ကြီး ကျူးလွန်တဲ့ အပြစ်များအတွက် သူဘယ်လိုပေးဆပ် ခဲ့ရတယ်ဆိုတာကို ဖြည့်စွက်ထားပါတယ်။ ဘုရားသခင်ခွင့် လွတ်ဒါဟာ ဘုရင်ကြီးရဲ့ ၀ိညာဉ်ရေးရာ အရသာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ အပြစ်တွေ အတွက် သူကိုယ်တိုင်မှ အစ၊ သားစဉ်မြေးဆက် မက၊ အစ္စရေးလ် လူမျိုး တစ်မျိုးလုံးက ယနေ့တိုင်အောင် ပေးဆပ် ရပါတယ်။ . . . ဆက်ဖတ်ရန်Click Here for Sermon
You must log in to post a comment.