Reinhard Bonnke ရီအင်ဟဘုန်းကီးလို့ပြောလိုက်ရင် သူ့နာမည်၊ သူ့ဂုဏ်သိက္ခာနဲ့ သူ့ရဲ့ တရားဟောပြောကောင်းမှု၊ အောင်မြင်ကျော်ကြားမှုတို့ကြောင့် ဘယ်သူကိုမှ ထွေထွေထူးထူး အထူးမိတ်ဆက် ပေးနေစရာမလိုတော့ပါဘူး။ မြောက်မြားစွာသော လူထုပရိတ်သတ်အပေါင်း သူရဲ့တရားဟောပြောပွဲများကို တက်ရောက်ခဲ့ကြတယ်။ ဘုရားရှင်ရဲ့အင်အားကြီးမားတဲ့ ပါဝါအရှိန်များကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ကြရတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗတ္တိဇံမင်္ဂလာပေးခြင်းကို ခံခဲ့ရကြတယ်။ ဘုရားအသွေးနဲ့ ရွေးဝယ်ထားတဲ့ အာဖရိကတတိုက်လုံးကို နိုးကြားအောင်လုပ်ရမယ်လို့ ဘုရားရှင်က တာဝန်ပေးလိုက်တဲ့နေ့ကစပြီး သူ့ရဲ့အသက်တာ တစ်ခုလုံးကို ဒီအာဖရိကတိုက်တတိုက်လုံးအတွက် ပေးဆပ်ရင်း နယ်တကာလှည့်ပြီး နိုးကြားမှု၊ ဟောပြောမှုတွေကို ဆောင်ရွက်တော့တာပါပဲ။..ဆက်ဖတ်ရန်