Forgotten God (ပျောက်နေသောဘုရား)

ခေတ်သစ်ခရစ်ယာန်ဘာသာတရားရဲ့သွန်သင်ချက်ကတော့ ခရစ်တော်ကို နှလုံးသားထဲ ခေါ်ဖိတ်လက်ခံလိုက်တာနဲ့ တပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ဗတ္တိဇံမင်္ဂလာကို တပါတည်းရရှိပြီးဖြစ်တယ်ဆိုတာပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗတ္တိဇံမင်္ဂလာကိုရဖို့ လိုကိုမလိုဘူးလို့လည်း တင်ပြကြ တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗတ္တိဇံမင်္ဂလာကို ဖျောက်ထားပစ်ကြတယ်။ ထိုမင်္ဂလာမှ တဆင့် ပေါက်ဖွားဝေဆာလာမယ့် ဝိညာဉ်အသီး (ဝိညာဉ်ပကတိ စိတ်သဘောများ) ကိုလည်း နောက်ထပ်မျိုးဆက်သစ်တွေဆိုတာ ကြားတောင်မာကားဘူးကြတော့ပါဘူး။ ဆိုလိုရင်းက သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ နေ့စဉ်အသက်ရှင်ခြင်း အသက်တာမှာ အမှန်တကယ် ပါဝင်တာမျိုးမဟုတ်ပဲ ပါချင်လည်းရတယ်၊ မပါချင်လည်းရတယ် ဆိုတဲ့ ပုံစံမျိုးချိုးပြီး အသက်ရှင်ကြတော့တာပါပဲ။ အင်မတန် ဝမ်းနည်းစရာပါ။ …ဆက်ဖတ်ရန်

Leave a Reply