Prayer Service for Kachin War Victims

Jan 12, 2013: စစ်မက် ဖြစ်ပွါးနေသော မြန်မာနိုင်ငံ ကချင် ပြည်နယ်တွင် အစိုးရ၏ အကြီး အကျယ် ထိုးစစ်ဆင် တိုက်ခိုက် မှုကြောင့် အပြစ်မဲ့ ပြည်သူ ထောင်ပေါင်းများစွာ ဒုက္ခရောက်လျက် စစ်ပြေး ဒုက္ခသည် များအဖြစ် မိမိတို့ ၏ အိုးအိမ် များကို စွန့်ခွါထွက်ပြေး ကြရသည်။ ဤ စစ်ဘေးကြောင့် ဒုက္ခရောက် သူ တို့ အတွက် ရည်စူးလျက် Kachin Alliance အဖွဲ့ မှ ကမကထ ပြုလုပ်ပြီး၊ ကရာနီမြန်မာ အသင်းတော် တွင် ၀တ်ပြု ဆုတောင်းပွဲ အစီအစဉ် တစ်ခုကို Jan 12 ရက်နေ့ ညနေ ၅း၃၀ တွင် ပြုလုပ်ပါသည်။ ဤ ၀တ်ပြု ဆုတောင်း ပွဲကို အမေရိကန် ပြည်နယ် အနှံ့အပြား မှ ကချင် တိုင်းရင်းသားများ၊ American Baptist Churches အာရှရေးရာ မှ Rev. Florence Li, NGO အဖွဲ့ မှ ပုဂ္ဂိုလ်များ၊ ၀ါရှင်တန် ဒီစီ တ၀ိုက်မှ အသင်းတော် များ၊ သင်းအုပ်ဆရာများ ပါဝင် ကြပါသည်။ ၀တ်ပြု အစည်းအဝေး ပြီးသော အခါ ကရာနီမြန်မာ အသင်းတော်၏ ကချင် မိသားစုများမှ ညနေစာ အစားအစာ ဖြင့် ဆုတောင်းပွဲ သို့လာသော သူအားလုံးကို ဧည့်ခံပါသည်။

Leave a comment