ရိုမန်ကက်သလစ် ဖုန်းတော်ကြီး ပုပ်ရဟန်းမင်း Pope Benedict သည် ကိုယ်ကာယ ကျန်းမာရေးနှင့် စိတ်ဓါတ်ကျန်းမာ ရေး ချုချာ မှု အကြောင်းပြချက် ဖြင့် လာမည့် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်မည် ဖြစ်ကြောင်း ဗာတီကန် နန်းတော်မှ ထုတ်ပြန် ကြေငြာသည်။ ပုတ်ရဟန်းမင်းကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်မှာ ရှစ် နှစ် နီးပါးရှိခဲ့ ပြီဖြစ်ပြီး၊ ဂျာမန် နွယ်ဖွား ဖြစ်သည်။ အသက် (၈၅) ရှိပြီဖြစ်သည်။ ရှစ်နှစ် သက်တမ်း အတွင်း Child Sex abuse နှင့် ပတ်သက်သော သူ၏ သဘောထား ခံယူချက်၊ မူဆလင် ဘာသာဝင် များ အား အကြမ်းဖက် သမားများ အဖြစ် ခိုင်းနှိုင်းပြောဆိုသော အရာ၊ ဒုတိယ ကမ္ဘာစစ် ကာလ အတွင်း နာဇီ ဂျာမဏီ တို့ ၏ သုတ်သင် သတ်ဖြတ် မှုအပေါ် သူ၏ အမြင် ပြောဆို ချက် များ နှင့် ပတ်သက်၍ မကျေနပ် မှုများ မကျေလည် မှု ပြဿနာများကို ရင် ဆိုင်ခဲ့ရသည်။
