Pew Research Center ၏ နိုင်ငံပေါင်း ၂၃၀ တွင် လေ့လာ စမ်းစစ်ချက်အရ ကမ္ဘာ့ လူဦးရေ၏ ၈၄% (5.8 million) သည် ဘာသာရေး တစ်ခုခုကို ကိုးကွယ် ယုံကြည် လက်ခံပြီး ကျန်သည့် ၁၆% ကျော် သည် မည်သည့် ဘာသာရေး အဖွဲ့ တွင်မျှ မပါဝင် မပတ်သက် ဟု ဆိုသည်။ ခရစ်ယာန် ဘာသာဝင် သည် အများဆုံးဖြစ်ကာ ၃၁.၅% ရှိပြီး၊ မူဆလင်ဘာသာဝင် အရေအတွက်က ဒုတိယလိုက်ကာ ၂၃.၂% ရှိသည်။ တတိယနေရာ မှာ ဟိန္ဒူဘာသာ ဖြစ်ပြီး ၁၅% ရှိကာ၊ ဗုဓ္ဒဘာသာ ၀င် အရေအတွက်သည် ၇.၁ % ရှိသည်။
