သင်းထောက်များတို့ရဲ့တာဝန်

ကရာနီမြန်မာအသင်းတော်၏ အသစ်ဖွဲ့စည်းသော သင်းထောက်လူကြီးများအတွက် သင်းထောက်များတို့ရဲ့
တာဝန် နှင့်ပတ်သက်ပြီးခွန်အားပေးတိုက်တွန်းခြင်း တစ်ခုကို အောက်တိုဘာလ (၃၀) ၂၀၁၀ ၌ ကိုမြင့်လွင်-မလုဘူ တို့နေအိမ်တွင်ပြုလုပ်ပါသည်။ ပုသိမ်မြန်မာနှစ်ချင်းအသင်းတော်၏ သိက္ခာတော်ရဆရာ ဦးထွန်းလှမှ သင်းထောက်လူကြီးတို့ သိအပ်၊ စောင့်ထိန်းအပ်သော အရာများနှင့်ပတ်သက်ပြီး တိုက်တွန်း ဝေငှ ခွန်အားပေးသွားပါသည်။ 

အလားတူ ခွန်အားပေးတိုက်တွန်းခြင်းအစီအစဉ် တစ်ခုကို ဗာဂျီးနီးယားတွင်နေထိုင်သော ကရာနီမြန်မာ အသင်းတော် သင်းထောက်လူကြီးများအတွက်  နိုဝင်ဘာလ (၁) ရက်၊ ၂၀၁၀ ရက်နေ့၌ အန်တီလာစီး နေအိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး သိက္ခတော်ရ ဆရာဦးထွန်းလှ မှဆက်လက် ဝေငှခွန်အားပေးမည်ဖြစ်ပါသည်။


Leave a Reply