လွန်ခဲ့သော ၁၈၁၂ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် ဆရာယုဒဿန် မြန်မာနိုင်ငံသို့ ကယ်တင်ခြင်းသတင်း ပြောကြားရန် မက်ဆာချူးဆက်ပြည်နယ် Salem မြို့ဆိပ်ကမ်းမှ စတင်ထွက်ခွါခဲ့သော နေ့ဖြစ်သည်။ ၂၀၁၂ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် နှစ် (၂၀၀) ပြည့်လေပြီ။ သွေး၊ ချွေး မိသားစုဝင် တို့၏ အသက်တို့ ကိုပေးစပ်ပြီး မြန်မာလူမျိုးများအား ခရစ်တော်၏ ရင်ခွင်သို့ လမ်းပြပို့ဆောင်ရန် မဟာဧ၀ံဂေလိ ခရီးစဉ်ကို စတင်ခဲ့သည့် နေ့ဖြစ်ပေသည်။ ဤ နှစ် (၂၀၀) ပြည့် အထိမ်းအမှတ် ကျေးဇူးတော်ချီးမွမ်း ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို မက်ဆာချုးဆက်ပြည်နယ် Malden မြို့ရှိ First Baptist Church of Malden တွင် ဖေဖော်ဝါရီလ (၁၇-၁၈-၁၉) ရက်နေ့များတွင် ကျင်းပပြုလုပ်ရာ အမေရိကန် နိုင်ငံ ပြည်နယ် အသီးသီးမှ မြန်မာအသင်းတော်များ လည်း ပါဝင် မိတ်ဿဟာယပြုနိုင်ခဲ့သည်။
First Baptist Church of Malden မှဦးစီး ပြုလုပ်သော ဤကျေးဇူးတော်ချီးမွမ်း ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် ဘုရားသခင်၏ ကျေးဇူးတော်သက်သက်အားဖြင့် ကရာနီမြန်မာအသင်းတော်မှ အသင်းသူ အသင်းသားများလည်း ဤအစီအစဉ်တွင်ပ်ါဝင် နိုင်ခဲ့ပါသည်။
(၁၈) ရက်နေ့မနက်ပိုင်း အစီအစဉ်တွင်
First Church, Wenham
Andover Phillips Academy,
Bradford ရှိ Hasseltine House,
Andover Newton Theological School,
Tabernacle Congregational Church,
First Baptist Church of Salem နှင့်
Malden မြို့ရှိ ဆရာယုဒဿန် မွေးဖွါးရာ အိမ်သို့
သွားရောက်လည်ပတ် ခြင်းတို့ကို ပြုလုပ်ပြီး ညနေပိုင်းတွင်ပြုလုပ်သည့် ၀တ်ပြုစည်းဝေးခြင်း အစီအစဉ်တွင် သိက္ခာတော်ရ ဆရာစောလယ်ထူးမှ တရားဒေသနာ ဝေငှခြင်းနှင့် သိက္ခာတော်ရ ဆရာမရန်ယော်မှ အဆုံးသတ် ကောင်းကြီးပေးခြင်း များအားဖြင့် ပါဝင် မိတ်ဿဟာယပြုလုပ်နိုင်ခဲ့ကြပါသည်။
ဆရာယုဒဿန်၏ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်နှင့် ပတ်သက်၍ The Baptist Standard မှရေးသားသော ဆောင်းပါးကို စိတ်ဝင်စားသူ များ အောက်တွင် click ပြုလုပ်ပြီးဖတ်ရှုနိုင်ပါသည်။
Adoniram Judson’s Mission Movement Turns 200, Questions Arise For Future
ဤ အသင်းတော် လှုပ်ရှားမှုမှတ်တမ်း (Short Documentary) ကို ကိုဇော်ဆန် မှရိုက်ကူးတည်းဖြတ်ထားပါသည်။
You must log in to post a comment.