ဘုရားရှင်၏ ကျေးဇူးတော်သက်သက်ကြောင့် ဖေဖော်ဝါရီလ ၄ နှင့် ၅ ရက်နေ့များတွင် ကရာနီမြန်မာအသင်းတော်သည် (၁၅) နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ၀တ်ပြုခြင်းကို ပြုလုပ်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်းစုံ၊ ဂိုဏ်းဂဏပေါင်းစုံဖြင့်ဖွဲ့ စည်းထားသော ဤအသင်းတော်သည် ၁၅ နှစ်အတွင်း ဘုရားရှင်၏ ကျေးဇူးဂရုဏာတော် ခံစားရသည့် အပြင် အသင်းသား ၁၀ ယောက်ကျော်ကျော်ဖြင့် စတင်ခဲ့သော အသင်းတော်သည် ယနေ့ ဧ၀ံဂေလိ ပြုလုပ်သော အသင်းတော်၊ မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံ (ကချင်၊ ကရင်၊ ချင်း၊ မြန်မာ) မိဘမဲ့ကလေး အယောက် (၄၅၀)ခန့်ကို ကြည့်ရှု စောင့်ရှောက်သော အသင်းတော်၊ ကျမ်းစာကျောင်းသား/သူ နှစ်ဒါဇင်ခန့်ကို အမျိုးသမီးမိတ်ဿဟာရ ၏ဦးဆောင်မှုဖြင့် ထောက်ပံ့သော အသင်းတော်၊ စာပေ၊ ဗီဒီယို များအားဖြင့် ကယ်တင်ခြင်း သတင်းကို ဖြန့်ဝေသော အသင်းတော် ဖြစ်နေပေပြီ။ ဘုရားရှင်၏ ကျေးဇူးတော်သက်သက် အားဖြင့် ဤအရာအားလုံး ကိုဆောင်ရွက်ခွင့် ရခြင်းဖြစ်သည်။
ထို့အပြင် ၂၀၁၂ ခုနှစ်မှစ၍ ဧရာဝတီတိုင်း ဖိုးသူတော် မီရှင်တွင် အားတက်သရော ပါဝင်ဆက်ကပ်ရန် အစီအစဉ်များရှိပါသည်။ ဖိုးသူတော်မီရှင် ကိုဘုရားသခင် ကောင်းကြီးပေးလျက် ပျောက်ဆုံးဝိညာဉ် အမြောက်အများ သိမ်းဆည်းနိုင်ရန် စာဖတ်သူ မိတ်ဆွေအယောက်တိုင်း ဆုတောင်းခြင်းဖြင့်ပါဝင် နိုင်ပါကြောင်း ခရစ်တော်၏နာမတော်မြတ်၌ ဖိတ်ခေါ်အပ်ပါသည်။
အောက်ပါ ဗီဒီယို များသည် အသင်းတော်၏ ၁၅ နှစ်ပြည့် ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် တင်ပြသော အမျိုးသမီးငယ်များ၏ တင်ဆက်မှုနှင့် အသင်းတော်သံစုံ အဖွဲ့၏ ဂုဏ်တော်ချီးမွမ်းခြင်း များဖြစ်ပါသည်။
|
|
ဖြစ်နိုင်ရင် Church history ကိုလည်း ဖတ်ချင် တယ်။
ကျေးဇူးပါဘဲ
Brief Church History ကို About Us section (https://calvaryburmese.wordpress.com/about-us/) မှာ ဖတ်နိုင်ပါတယ်။ ပိုမိုပြည့်စုံစွာဖော်ပြနိုင်ရန် ကြိုးစားပါ့မယ်။