သောမ နှင့် ဟန်ဆောင်ခရစ်ယာန်များ

သောမဟာ အင်မတန်ရိုးသားတဲ့ ခရစ်တော်ရဲ့ နောက်လိုက်တမန်တော် တစ်ပါးဖြစ်တယ်။ ခရစ်တော်က သူ ကြိုသွားပြီး နေရာပြင်ဆင်ထားမယ် လို့ မြွက်ဆိုတဲ့ အခါ သောမက ရိုးရိုးစင်းစင်း ပြန်မေးလိုက်တယ်။ ကိုယ်တော် ပြောတဲ့ လမ်းကို ကျွန်တော်မသိပါဘူးလို့….ကျန်တဲ့ တမန်တော် ၁၁ ပါးကတော့ ထင်ကောင်းထင်ပါလိမ့်မယ်.. ခရစ်တော်နောက် ကို သည်လောက်လိုက်လျှောက်ပြီးမှ ဒါတောင် မသိဘူး..မသိရင်လည်း ပြန်မမေးသင့်ဘူး စသည်ဖြင့်ပေါ့. ဒါပေမယ့် ခရစ်တော်က သောမကို အပြစ်မဆိုဘူး… မိတ်ဆွေ သည်နေ့ ခရစ်ယာန်တော်တော်များများဟာ ခရစ်ယာန် ယုံကြည်ခြင်းကို သေသေချာချာ မသိဘဲ လိုက်လျှောက်နေကြတယ်.. ဟန်ဆောင် နေကြတယ်..အပြစ်မရှိသော သူတွေကဲ့သို့ ဟန်ဆောင်နေကြသူတွေ အများကြီးရှိတယ်… တရားဒေဿနာနားထောင်ရန်

2 thoughts on “သောမ နှင့် ဟန်ဆောင်ခရစ်ယာန်များ

  1. ယများနှင့်ယုံကြည်ခြင်း
    Text Size: Zoom In
    August 12, 2012
    ဖတ်ရန်: ယော ၂၀း၂၄-၃၁
    အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကား။—ယော ၂၀း၂၈
    သမ္မာကျမ်းစာ တစ်နှစ်တာ:
    ဟေရှာ ၄၉-၅၁

    သခင်ယေရှုကို ယုံကြည်သူတစ်ဦးက ရံဖန်ရံခါ သံသယပွားလျှင် ဘုရားသခင်ကို အစေခံ ရာ၌ ထိရောက်မှုရှိပါမည်လား။ လူအချို့က ရင့်ကျက်သော ယုံကြည်ခြင်းဟူသည် ဘယ်သော အခါမျှ ယုံမှားသံသယမဖြစ်ဟု ထင်မှတ်ထားကြသည်။ သို့သော် ကျွန်ုပ်တို့၌ ယုံကြည်ခြင်းကို တည်ဆောက်ပေးသော အတွေ့အကြုံများရှိသကဲ့သို့ ခေတ္တမျှ သံသယ၀င်စေသည့် အတွေ့အကြုံ များလည်း ရှိနေနိုင်ပါသည်။
    တပည့်တော် သောမသည်လည်း သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းသတင်းကို ပထမတွင် သံသယ၀င်ခဲ့သည်။ သူက “လက်တော်၌ သံရိုက်ရာချက်ကို မမြင်…ရလျှင် အကျွန်ုပ်မယုံ” (ယော ၂၀း၂၅) ဟုဆိုခဲ့သည်။ သခင်ယေရှုသည် သောမအား အပြစ်မတင်ခဲ့ပဲ သူတောင်းဆိုသော အ ထောက်အထားကို ပြခဲ့ပါသည်။ ရှင်ပြန်ထမြောက်တော်မူသော ကယ်တင်ရှင်ကို မြင်ရပြီးနောက် အံ့ဩစွာ “အကျွန်ုပ်၏အရှင်၊အကျွန်ုပ်၏ဘုရားသခင်ပါတကား” (၂၀း၂၈) ဟုဆိုခဲ့သည်။ ထိုအဖြစ် အပျက်အပြီးတွင် ဓမ္မသစ်ကျမ်း၌ သောမ၏အကြောင်းကို ထပ်မံဖော်ပြခြင်း မရှိပါ။
    မည်သို့ပင်ဖြစ်စေ အသင်းတော်အစောပိုင်းကာလများ၌ သောမသည် အိန္ဒိယနိုင်ငံသို့ သာသနာပြုအဖြစ်သွားခဲ့ကြောင်း အခိုင်အမာဆိုထားသည်။ အိန္ဒိယ၌ရှိစဉ် သောမသည် ဧ၀ံဂေလိ ဝေငှသည်။ နိမိတ်လက္ခဏာများပြုသည်။ အသင်းတော်များတည်ထောင်သည်။အချို့အသင်းတော် များတွင် ၎င်းတို့၏အသင်းတော်အစသမိုင်းကြောင်းကို `သောမ´ အထိတိုင် ပြန်ခြေရာကောက် နိုင်သည့် တက်ကြွသည့် အသင်းသားများ အိန္ဒိယတွင် ယခုထက်တိုင်ရှိသေးသည်။
    သံသယဖြစ်ခြင်းက ဖြစ်တတ်သည်။ ဖြစ်ရမည့်ဘ၀ ပုံစံဟု မဆိုလိုပါ။ ဘုရားသခင်ကို လက်တွေ့ကျကျ တိုး၍ နက်နဲစွာ သိမြင်စေရန် ကိုယ်တော်အား သင့်ဘ၀၌ ဦးဆောင်ခွင့်ပြုပါ။ သင်၏ယုံကြည်ခြင်းကို အသစ်ပြုပြင်ပါ။ ဘုရားသခင်အတွက် ကြီးမြတ်သောအရာများကို သင် ထမ်းဆောင်နိုင်ပါသေးသည်။ — Dennis Fisher

    ယုံကြည်ခြင်းအားနည်းပြီး သံသယ၀င်လျှင် ဘုရားသခင်၏ မေတ္တာနှင့်
    ကြင်နာမှုဂရုဏာကို သတိရပါ။ သခင်ပြုခဲ့အမှုတော်နှင့်
    ဆုတောင်းချက်အဖြေပေးခဲ့ပုံများဖြင့် မိမိကိုယ်ကိုပြန်သတိပေးပါ။ — D.De Haan

    သံသယစိတ်ကို စစ်ကြောပါ။ ယုံကြည်ခြင်းစိတ်ရှိပါ။
    သံသယစိတ်နှင့် ယုံကြည်ခြင်းစိတ်များမှ သင်ခန်းစာရယူပါ။

    Share သံသယများနှင့်ယုံကြည်ခြင်း with your friends:

  2. Pingback: သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ (မောရှေ) | Calvary Burmese Church

Leave a comment