မိခင်
များနှင့် ပတ်သက်ပြီး စာရေးဆရာ တစ်ဦးက သည်လို ရေးသားခဲ့ဘူးသည်။ “မိခင်များဟာ ဘ၀ရဲ့ ဆရာသမား၊ စည်းကမ်း ထိန်း၊ သန့်ရှင်းရေးလုပ်သား၊ ခြံလုပ်သား၊ များဖြစ်တယ်။ မိခင် အားလုံး နီးပါးက ချက်ပြုတ် ခြင်းဟာ အိမ် ပြူတင်းပေါက် များကို ဆေးကြော သန့်စင် ခြင်း အလုပ်ထက် အရေးကြီးတယ် ဆိုတာ နားလည်သဘောပေါက်တယ်”။ ဟုတ်ပါတယ်. . . မိခင်များဟာ သူနာပြုဆရာမ၊ ဒေါက်တာ၊ နည်းပြဆရာ၊ ဘ၀များကို ပုံသွင်း ထုလုပ်သူ များ ဖြစ်ကြပါတယ်။ မိခင်များဟာ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀မှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ အကြောင်း ပထမဦးဆုံး မိတ်ဆက် ပေးသူ၊ သင်ကြားပေးသူများ ဖြစ်တယ်။ ကျွန်တော် ကျွန်မတို့ အားလုံး ဘုရားကို ချစ်ခြင်း၊ ရိုသေခြင်း၊ လေးစားခြင်း၊ ဘုရားအတွက် သက်သေခံခြင်း၊ ဘုရားကျောင်းတက်ခြင်း ဘုရားသခင် ကြိုက်သော ပုံစံ အတိုင်း ကြိုးစားသွားလာ နေထိုင်လိုစိတ်ဖြစ်ပေါ်ခြင်း စတဲ့ အရာတွေဟာ မိခင်ကြီးများ ချပြသင်ပေးခဲ့သော အရာများ၏ ရလဒ်များဖြစ်သည်။ (ဆက်ဖတ်ရန်)
|
|
|