စစ်မှန်သောချစ်ခြင်းတရားနှင့်ပြည့်ဝသော အသက်တာ

Thawngno Love Calvary Burmese church

Don’t have Burmese font?… Click here pdf 2

 

မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သော အမှုကို စက်ဆုပ် ရွံရှာကြလော့။ ကောင်းမွန်သော အမှု၌ မှီဝဲဆည်းကပ်ကြလော့။ ညီအစ်ကိုချစ်ခြင်း အရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကို တယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။ (ရောမ ၁၂း ၉-၁၀)

သင်၏အသက်တာ ထာဝရပြောင်းလဲခြင်း ရရှိလိုပါသလား…သင်၏ဘ၀ကို စစ်မှန်သောချစ်ခြင်းတရားဖြင့် တန်ဆာဆင်ပါ။ မည်သည့် အရာကမျှ မပြောင်းလဲစေနိုင်သော အရာများကိုပင် ပြောင်းလဲစေနိုင်သော အရာမှာ ချစ်ခြင်းတရားပင်ဖြစ်သည်။ Continue reading →

ကျွန်ုပ်၏ရှေ့နေ

Gavel3သာယာပျော်ရွှင်ဖွယ် ကောင်းသော ဘ၀၏ နေ့ရက်များစွာ ကိုဖြတ်သန်းခဲ့ပြီး တစ်ရက်၊ ကျွန်ုပ်၏ လောကခရီးစဉ် ကို အဆုံးသတ်ခဲ့ရသည်။ ပထမဦးဆုံး သတိပြုမိသော အရာကား တရားရုံး တစ်ခု၏ အပြင်ဖက် နားခန်းတွင် မိမိ၏ အလှည့် ကိုစောင့်နေသော သူ တစ်ဦးအဖြစ် မိမိကိုယ်မိမိ မြင်တွေ့လိုက်ရခြင်းတည်း… Continue reading →

သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ ယောရှု

Joshuaသမ္မာကျမ်းစာအုပ်တွင် ယောရှု ၏ နာမည်ကို ထွက်မြောက်ရာကျမ်း ၁၇း၉ တွင် ပထမ ဆုံးအနေနှင့် တွေ့မြင်နိုင်သည်။ ဟေဗြဲ ဘာသာစကား အရ ယောရှု ဟူသော နာမည်၏ အနက် အဓိပ္ပါယ်မှာ “ကိုယ်တော် သည် ကယ်တင်ရှင် ဖြစ်သည် (The Lord is Salvation)” ဟူ၍ ဖြစ်သည်။ ဂျူးလူမျိုးများအတွက် ယနေ့ အစ္စရေးလ် နိုင်ငံ တည်ရာ အရပ်ဒေသ ကို ခါနန် လူမျိုးများ ထံမှ သိမ်းပိုက် တိုက်ခိုက် ခဲ့သော စစ်သူရဲကောင်း သို့မဟုတ် စစ်ဗိုလ်ချုပ်ကြီး ဖြစ်ပြီး ထိုစဉ်အခါ က ခါနန် လူမျိုးများအတွက် ကြောက်လန့် တုန်လှုပ်ဖွယ်ကောင်းသော၊ ရက်စက် ကြမ်းကြုတ်သော လူ့ဘီလူး၊ ရန်သူ စစ်ခေါင်း ဆောင်တစ်ယောက်ဖြစ်သည် ။ ယောရှု မှတ်စာ တွင် ယောရှု နှင့် ပတ်သက်သည့် အသွင်၊ အပြင် လက္ခဏာ အချို့ကို လေ့လာ ကောက်ချက်ချရမည် ဆိုလျှင် – Continue reading →

သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ (ဒါဝိဒ်)

King-DavidBC 1010 မှ ၉၇၀ ခုနှစ် အတွင်းစိုးစံခဲ့သည့် အစ္စရေး နိုင်ငံ၏ ဒုတိယမြောက် ဘုရင်ဖြစ်သည်။ ရုသ ၄း၁၇ တွင် ဒါဝိဒ် (ဒေးဗစ်) ၏ နာမည်ကို ပထမဦးဆုံး ဖော်ပြထားသည်ကို တွေ့ရှိရသည်။ သူသည် ဗက်လင် မြို့၏ သာမန် အညတြ သိုးကျောင်းသား ငယ်တစ်ယောက် ဖြစ်ပြီး Continue reading →

မှန်ကန်သော ရှုထောင့်မှကြည့်မြင်တတ်ခြင်း

perspectiveဘုရင်ခံ အုပ်ချုပ်ရေးမှူး Bradford သည် အောက်ပါ ကြေငြာချက်ကို ၁၆၂၃ ခုနှစ် တွင်ထုတ်ပြန်ခဲ့သည်။ အချိန်ကား ဥရောပတိုက်မှ အမေရိကန် နိုင်ငံသို့ အန္တလန်တိတ် သမုဒ္ဒယာ ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ရောက်ရှိပြီး တတိယမြောက်နှစ်တွင်ဖြစ်သည်။ Continue reading →

ဓမ္မသီချင်းတို့၏ ရာဇ၀င် (ဗက်လင်မြို့ ငယ်)

ibrooph001p1နားထောင်၍ ကောင်းသော ဤခရစ္စမတ် ဓမ္မသီချင်းကို ၁၉ ရာစု အတွင်းတွင် နာမည်ကြီး တရားဟောဆရာကြီး တစ်ပါးဖြစ်ခဲ့သော Phillips Brooks က ရေးစပ်ခဲ့သည်။  Continue reading →

ဘုရားသခင်နှစ်သက်သော ကျေးဇူးတော်ချီးမွမ်းခြင်း

တစ်ခါတုံးက မုဆိုးတစ်ယောက်ဟာ တနေကုန် အမဲလိုက်ပေမယ့် သားကောင် တစ်ကောင်မှ မတွေ့ဘူး။ နေ၀င် ချိန်နီးလာပြီဆိုတော့ ဘာကောင်ဘဲတွေ့တွေ့ အမိအရ ပစ်မယ်လို့ စိတ်ထဲမှာ ခဲထားတယ်ဆိုဘဲ…. Continue reading →

သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ဒံယေလ)

သူ့ အသက်တာ၏ အထင်ရှားဆုံး ညတွင် လူသားစား ခြသေ့င်္ များနှင့် အတူ ပိတ်လှောင် ထားခြင်းခံရသော သူဖြစ်သည်။ ထိုည သူ၏ အသက် သည် (၈၀) ၀န်းကျင်ခန့်ရှိမည် ဟု ခန့်မှန်းရပြီး၊ Continue reading →

ဓမ္မသီချင်းတို့၏ရာဇ၀င် (All the way my savior leads me)

သီချင်းစာသား – ဖန်နီ ဂျေ ခရိုစ်ဘီ (၁၈၂၀-၁၉၁၅)
တေးရေး – ရောဘတ်လော်ရီ (၁၈၂၆-၁၈၉၉)

“ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက် တော်မူ၏” (ဆာလံ ၃၇း၂၃)။

ဤ ဧ၀ံဂေလိ ဓမ္မသီချင်းမှာ  Continue reading →

သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ (ယာကုပ်)

ယာကုပ် ၏နာမည်ကို ကမ္ဘာဦးကျမ်း ၂၅း၂၆ တွင် ပထမဦးဆုံး ဖော်ပြထားသည်ကို တွေ့ရသည်။ ဂျူးလူမျိုး နှင့် နိုင်ငံသည် ယာကုပ်၏ သား ၁၂ ယောက်မှ စတင် သန္တေတည် ဖြစ်ထွန်း သောနိုင်ငံ၊ လူမျိုးဖြစ်သည်။ စစ်စစ် သူသည် ရိုးသားဖြောင့်မတ်သူ တစ်ယောက် မဟုတ်ခဲ့ပါ။ Continue reading →

အသုံးတော်ခံ

“သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ် တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏၊၊ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အိုးထိန်းဖြစ်ပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ” Continue reading →

သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ရှင်ပေါလု)

၂ ကော ၁၀း၁၀ တွင် တမန်တော်ရှင်ပေါလုအကြောင်းကို မြန်မာသမ္မာကျမ်းစာ၌ အောက်ပါအတိုင်း ဋီကာ ဖွဲ့ရေးသားထားသည်။ “အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ Continue reading →

ဘုရားသခင်ထံ အကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်း

အမည်မသိစာရေးသူ တစ်ယောက်က သည်လိုရေးသားဖူးသည်။ “ဘုရားသခင်ထံ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ ဆက်ကပ် အပ်နှံခြင်းသည် လူသားတို့ အနေနှင့် ဘုရားသခင်အတွက် လုပ်ပေးနိုင်သည့် အရာများတွင် အကောင်းဆုံးနှင့် တန်ဖိုး အရှိဆုံးသော အရာဖြစ်သည်”။ Continue reading →

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်း အကျဉ်း (ဂျူး)

Click here for PDF Version

ရဟူဒီဘာသာ သည် ကမ္ဘာ့ဘာသာကြီးများ တွင် ခရစ်ယာန်နှင့် အစ္စလမ် ဘာသာ တို့နှင့် အတူ ရှေး အကျဆုံး ဘာသာတရား တစ်ခုဖြစ်သည်။  Continue reading →

ကားတိုင်ထက်ကသခင့်စကား (ရ)ခွန်း

ကျွန်တော် တက္ကသိုလ်  ကျောင်းသားဘ၀တုံးက မဂ္ဂဇင်းစာစောင်တစ်ခုမှာပါရှိတဲ့ ရုပ်ပြောင်ကာတွန်းတစ်ခုကို လွန်စွာ သဘောကျခဲ့ဘူးတယ်။ Continue reading →

Grace ကျေးဇူးတော်

ယုံကြည်သူခရစ်ယာန်တိုင်း ကျေးဇူးတော် (grace) ဆိုတဲ့ အသုံးအနှုံးကို နေ့တိုင်းနီးပါး ကြားလေ့၊ သုံးလေ့ ရှိကြပါတယ်။ ကျေးဇူးတော် သက်သက်ကြောင့် နေကောင်း ပါတယ်၊ ကျေးဇူးတော် သက်သက်ကြောင့် အောင်မြင်ခြင်း အခွင့် ရပါတယ်…. စသဖြင့်ပေါ့….  နောက်ပိုင်း Continue reading →

နိုင်ငံတော်အတွက်ပါဝင်ကြစို့

လွန်ခဲ့တဲ့ ၂၀ ရာစု၊ ဥရောပတိုက် ဆွစ်ဇာနိုင်ငံရဲ့ တောင်ပေါ်မြို့ကလေး တစ်ခုမှာ ဘုရားကျောင်း အိုလေးတစ်ခုရှိတယ်။ အိုမင်းရင့်ရော်မှုနဲ့၊ ခေါင်မိုး အုတ်ကြွတ်ပြားတွေ စီတဲ့သစ်သားပြားတွေ ဆွေးမြေ့လွန်းလို့  Continue reading →

The Truth About Resurrection

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Ruth Dillow ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ပင်တဂွန်စစ်ဌါနချုပ် မှ သတင်းဆိုးတစ်ခုကို မမျှော်လင့်ဘဲကြားလိုက်ရတယ်။ Continue reading →

ပင်လယ်သေမှသက်သေများ အပိုင်း (၂)

လွန်ခဲ့သောလက Dead sea Scroll နှင့်ပတ်သက်ပြီး “ပင်လယ်သေမှသက်သေများ” ဆိုတဲ့အကြောင်းအရာကို တချို့မှတ်မိဦးမှာပါ။ အခု Dead Sea Scroll နဲ့ပါတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်အချို့ကို တင်ပြလိုပါတယ်။

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်း အကျဉ်း (အစ္စလမ်)

“ခရစ်ယာန် ယုံကြည်သူတို့ကို အစ္စလမ်ဘာသာဝင် တစ်ယောက်အနေနှင့် နားမလည်နိုင်သည့် အချက်ကတော့ ခရစ်တော်ကို ယုံကြည်လက်ခံ လိုက်ရုံနဲ့ အလိုအလျောက် နိဗ္ဗန်ရောက်တယ် ဆိုတဲ့တရားပါဘဲ…  Continue reading →

သမ္မာကျမ်းစာသည်ကျွန်တော်တို့ ဘ၀အတွက် မည်သို့အရေးပါသနည်း

“သမ္မာကျမ်းစာမှရရှိသော အသိဥာဏ်ပညာသည် ကောလိပ်ကျောင်းမှ သင်ယူရရှိသော ပညာရေးထက် ပို၍တန်ဖိုးရှိသည်” (Theodore Roosevelt, အမေရိကန် သမတ ဟောင်း) Continue reading →

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီး များအကြောင်းအကျဉ်း (ဟိန္ဒူ)

အစားအသောက် တစ်ခုခုကို မြည်းစမ်း မကြည့်ဘဲ ထိုအစား အစာ၏ အရသာကို ခန့်မှန်းကြည့်၍ ရသော်လည်း ရာနှုန်းပြည့် မှန်ကန်မှု မရှိနိုင်ပေ။  Continue reading →

ပင်လယ်သေမှသက်သေများ

>

အတွေးအခေါ်အယူအဆ တစ်ခုဖြစ်စေ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာ တစ်ခုဖြစ်စေ၊ လက်ခံ
ကျင့်သုံးသော ဥပဒေသတစ်ခုဖြစ်စေ မိမိယုံကြည်သော ကိုးကွယ်သော လက်ခံကျင့်သုံးသော အရာသည်မည်မျှမည်ရွေ့ ခိုင်မာသည်၊ ယုံကြည်လောက်သည် Continue reading →

သတိ. . . . ချစ်တတ်ပါ

မောင်လူအေး တစ်ယောက် ဧ၀ံဂေလိ ထွက်လာသည်မှာ နှစ်တွေ မနည်းတော့ပါ။ ဒီနေ့လောက် ပင်ပန်းချောက်ခြား ရတဲ့နေ့လည်း မရှိခဲ့ပါ။ တကယ်တန်းစစ်ကြည့်ရင်လည်း ဘယ်သူ့ကိုမှတော့ အပြစ်ပြောလို့မရပါ။ လူသားစားလူရိုင်းတွေနေတဲ့နေရာ၊ ဒေသကိုမှ ဧ၀ံဂေ Continue reading →

ပုံမှန်ခရစ်ယန်အသက်တာ

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ ပါတ်ဝန်းကျင်ခန့်က မိုရေးဗီးယန်းအမျိုးသား လူငယ်နှစ်ယောက်က အနောက်အင်းဒီးစ် ကျွန်းတွေထဲက ကျွန်းကလေးတစ်ခုဟာ လူတစ်ယောက်က ပိုင်ဆိုင်ထားပြီး ကျွန်တွေကိုအသုံးပြုပြီး ရာဘာစိုက်ခင်းလုပ်တယ်၊ အင်မတန်ကြမ်းတမ်းတဲ့သူဖြစ်ပြီး ခရစ်ယာန်ဘာသာရေးနဲ့ပါတ်သက်တာ ဆိုလို့ဘာမှခွင့်မပြုဘူး၊ တရားဟောခွင့်လည်းမပေးဘူး၊ ဘုရားကျောင်းတည်ခွင့်လည်းမပေးဘူးဆိုတဲ့ သတင်းကိုကြားသိပါတယ်။ အဲဒီ မိုရေးဗီးယန်း လူငယ်နှစ်ယောက်ဟာ အဲဒီကျွန်းပိုင်ဆိုင်သူထံ သူတို့ကိုသူတို့ ကျွန်အဖြစ်နဲ့ ရောင်းပြီးခရစ်တော်ရဲ့ သတင်းကောင်းကို တခါဘူးမျှမကြားသေးသော ကျွန်များထံဝေမျှဖို့ဆုံးဖြတ်ပြီးရောက်ရှိလာပါတယ်။ ကျွန်အဖြစ်နဲ့ရောင်းချခြင်းမှ ရရှိတဲ့ငွေကိုလည်း အဲဒီကျွန်းကိုသွားရောက်ဖို့ ခရီးစရိတ်အနေနဲ့အသုံးချပါတယ်။ ခရစ်တော်ရဲ့ ကယ်တင်ခြင်းသတင်းကိုဖြန့်ဝေဖို့အတွက် သူတို့ရဲ့ လွတ်လပ်တဲ့ဘ၀ကို စတေးလိုက်ခြင်းဖြစ်တယ်။

Continue reading →

ဘယ်လိုဆုတောင်းကြမလဲ

Bill Flick ဆိုသူ သတင်းစာဆရာ တစ်ဦးက လူတွေဆီမှာ ကံမကောင်း အကြောင်းမလှတဲ့ အဖြစ်အပျက်တွေ မထင်မှတ်တဲ့ အချိန်မှာ ဖြစ်ပျက် တတ်တယ်လို့ Pantagraph သတင်းမှာ  ရေးသားပါတယ်။ Continue reading →

Billy Graham

Billy Graham နှင့်သားအား သမ္မတ အိုဘားမားမှသွားရောက်တွေ့ဆုံခဲ့စဉ်

 အမေရိကန်နိုင်ငံသား ဘီလီဂရေဟမ်သည် ကမ္ဘာ့သမိုင်းတွင်ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို လူအများဆုံးတို့ထံသို့ဟောပြောသူ၊ ကြားသိလက်ခံစေသူ အဖြစ် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။  Continue reading →

Never Said Thanks (ကျေးဇူးတင်စကားမကြားလိုက်ရသူ)

အက်ဒ်ဝါဒ်စပင်ဆာ သည် ၁၈၆၀ ပတ်ဝန်းကျင် ခန့်တွင် အီလီနွိုက်ပြည်နယ် အီဗင်စတုံး မြို့၏ North Western University ၌ ကျမ်းစာ ကျောင်းသား တစ်ယောက်ဖြစ်သည်။ Continue reading →