တစ်ခါတုန်းက တရားဟောဆရာတစ်ပါး ဟာလမ်းဘေးမှာရပ်ထားတဲ့ ကားတစ်စီးကို သူ့ကားနဲ့ တိုက်မိတယ်။ ကားပိုင်ရှင် မရှိတဲ့အတွက် စာလေးတစ်စောင် ကပ်ထားလိုက်ပြီး အောက်ပါအတိုင်းရေးလိုက်တယ်။ “သူတစ်ပါး ၏အပြစ်များကို ကျွန်ုပ်တို့သည် လွှတ်သကဲ့သို့၊ ကျွန်ုပ်တို့၏ အပြစ်များကိုလည်း လွှတ်တော်မူပါ”။ ရဲတစ်ယောက်က ထိုစာကိုတွေ့တယ်၊ အဲဒီရဲက တရားဟောဆရာရဲ့ အသင်းတော်က အသင်းထောက်လူကြီးဖြစ်တယ်။ စာသွားစာလာကို ကြည့်တဲ့အခါ တရားဟော ဆရာဖြစ်မယ်လို့ သူချက်ချင်း ရိပ်မိတယ်။ ဒါပေမယ့် သူခမျာလည်း တာဝန်နဲ့ ၀တ္တရားကရှိသေးတယ်ဆိုတော့ တရားဟောဆရာဖြစ်ရင်လည်း ဖမ်းရမှာဘဲ ဆိုပြီး “အပြစ်သွေးဆောင်ရာ သို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမူအရာမှလည်း ကယ်နှုတ်တော်မူပါ” လို့ အောက်မှာဖြည့်စွက် ရေးလိုက်တယ်. ဗီဒီယို
You must log in to post a comment.