“သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ် တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏၊၊ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အိုးထိန်းဖြစ်ပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ” (ဟေရှာယ ၆၄း၈)
တစ်ခါတုံးက အဖိုးအို တစ်ယောက်နဲ့ အဖွားအို တစ်ယောက်တို့ဟာ သူတို့ရဲ့ မြေးကလေးကို မွေးနေ့လက်ဆောင်ဝယ်ပေးဖို့ ဆိုင်တစ်ဆိုင်ထဲဝင်လာကြတယ်။ အဖွားအိုက လှလှပပ ပြုလုပ်ထားတဲ့ ပန်းအိုးလေး တစ်လုံးကို တွေ့တော့ အဖိုးအို ကို ပြောလိုက်တယ်။
“ကြည့်စမ်းပါအုံး..ဒီ ပန်းအိုးကလေး လှလိုက်တာ၊ ကျွန်မတွေ့ဘူးသမျှပန်းအိုး ထဲမှာ တော့ အလှဆုံးဘဲ” လို့ပြောတယ်။ အဲဒီအချိန်မှာ မထင်မှတ်ဘဲ ပန်းအိုးကလေးက အဖွားအိုကို စကားပြန်ပြောတယ် ဆိုဘဲ။ “ကျွန်မကို လှတယ်ပြောလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်မဟာ တချိန်လုံး လှပ နေတဲ့သူ မဟုတ်ခဲ့ပါဘူး” လို့ပြောတယ်။ အဖိုးအိုနဲ့ အဖွားအိုက နားမလည်တဲ့အတွက်ပြန်မေးလိုက်တယ်။ “ဘာကို ဆိုလိုချင်တာလဲ” လို့ ပေါ့ ….။ ဆက်ဖတ်ရန်
You must log in to post a comment.