စစ်မှန်သောချစ်ခြင်းတရားနှင့်ပြည့်ဝသော အသက်တာ

Thawngno Love Calvary Burmese church

Don’t have Burmese font?… Click here pdf 2

 

မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သော အမှုကို စက်ဆုပ် ရွံရှာကြလော့။ ကောင်းမွန်သော အမှု၌ မှီဝဲဆည်းကပ်ကြလော့။ ညီအစ်ကိုချစ်ခြင်း အရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကို တယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။ (ရောမ ၁၂း ၉-၁၀)

သင်၏အသက်တာ ထာဝရပြောင်းလဲခြင်း ရရှိလိုပါသလား…သင်၏ဘ၀ကို စစ်မှန်သောချစ်ခြင်းတရားဖြင့် တန်ဆာဆင်ပါ။ မည်သည့် အရာကမျှ မပြောင်းလဲစေနိုင်သော အရာများကိုပင် ပြောင်းလဲစေနိုင်သော အရာမှာ ချစ်ခြင်းတရားပင်ဖြစ်သည်။ Continue reading →

မှန်ကန်သော ရှုထောင့်မှကြည့်မြင်တတ်ခြင်း

perspectiveဘုရင်ခံ အုပ်ချုပ်ရေးမှူး Bradford သည် အောက်ပါ ကြေငြာချက်ကို ၁၆၂၃ ခုနှစ် တွင်ထုတ်ပြန်ခဲ့သည်။ အချိန်ကား ဥရောပတိုက်မှ အမေရိကန် နိုင်ငံသို့ အန္တလန်တိတ် သမုဒ္ဒယာ ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ရောက်ရှိပြီး တတိယမြောက်နှစ်တွင်ဖြစ်သည်။ Continue reading →

ဘုရားသခင်နှစ်သက်သော ကျေးဇူးတော်ချီးမွမ်းခြင်း

တစ်ခါတုံးက မုဆိုးတစ်ယောက်ဟာ တနေကုန် အမဲလိုက်ပေမယ့် သားကောင် တစ်ကောင်မှ မတွေ့ဘူး။ နေ၀င် ချိန်နီးလာပြီဆိုတော့ ဘာကောင်ဘဲတွေ့တွေ့ အမိအရ ပစ်မယ်လို့ စိတ်ထဲမှာ ခဲထားတယ်ဆိုဘဲ…. Continue reading →

ယုံကြည်သူများရဲ့ထာဝရကလေးဘဝ

ကနေ့ အသင်းတော်တွေမှာ “ယုံကြည်သူ များရဲ့ ထာဝရ ကလေးဘ၀” လို့ ခေါ်ဆို  နေရတဲ့ အဖြစ်မျိုးတွေ ကြုံနေရ ပါတယ်။ ကျွန်တော်တို့ အသင်းတော်  တွေမှာ အသင်းသားတွေ အများအပြား ရှိနေတာ ကတော့ အမှန်ပါပဲ။ ဒါပေမယ့် Continue reading →

What Do You Have In Your Hand?

Awikhawmမိတ်ဆွေ…သင့်လက်ထဲမှာ ဘာရှိသလဲ? မိတ်ဆွေ ရဲ့လက်ထဲမှာ မရှိတဲ့အရာ (ငွေကြေးချမ်းသာ၊ အာဏာ) ထက်၊ ရှိတဲ့အရာ (ဘာမဆို) ကိုဘုရားသခင် အသုံးပြုချင်တယ်။ မောရှေ လက်ထဲမှာ ရှိတဲ့အရာက တောင်ဝှေးကလေး တစ်ချောင်းသာဖြစ်တယ်။ Continue reading →

ဆရာကြီးယုဒဿန် ၏မှတ်သားဖွယ်ရာစကားများ

  1. အို ဘုရားသခင်၊ ကိုယ်တော်ဟာ ကျွန်ုပ်နှင့် အတူ ရှိပါလျက်နဲ့ ဘာဖြစ်လို့ ဒီလောက်ပြင်းပြတဲ့ ဒုက္ခဝေဒနာကို ခံစားနေရဒါလဲ.. ခရစ်တော် အတွက်သာ မဟုတ်ခဲ့ရင်…..
  2. ဘုရားသခင်ကတိတော်အတိုင်း မြန်မာနိုင်ငံ အဖို့ ရှေ့အနာဂတ်သည် ထွန်းလင်းတောက်ပါနေသည်။ Continue reading →

သိလျှက်နှင့်ဝန်မခံခြင်း၏အကျိုး

ချစ်သောဓမ္မမိတ်ဆွေကျွန်ုပ် တို့ အမိမြန်မာပြည်၏ ခရစ်ယာန် သာသနာသည် ယခုအခါ အနှစ်နှစ်ရာ နီးကပ်လာလေပြီ။ ခရစ်ယာန်ဘာ သာဝင် အသင်းသူ/သားတို့သည် လည်း၊ ဘုရားသခင်၏ နှုက်ကပတ်တော်ကို သိသင့်သလောက် သိခဲ့ကြ လေပြီ။  Continue reading →

ကိုးကွယ်ခြင်း၏တန်ခိုး

သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲ မှာ နှောင်ဖွဲ့ခြင်း ကို ခံရသော သူတို့သည် နားထောင်ကြ၏။ ထိုခဏခြင်းတွင် မြေကြီး သည် ပြင်းစွာ လှုပ် သော ကြောင့်  Continue reading →

လောက၏ အလင်း

သင်တို့သည် ဤလောက၏ အလင်း  ဖြစ်ကြ၏။ တောင်ထိပ်၌ တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလား အောက်၌ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ Continue reading →

အသုံးတော်ခံ

“သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ် တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏၊၊ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အိုးထိန်းဖြစ်ပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ” Continue reading →

သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ရှင်ပေါလု)

၂ ကော ၁၀း၁၀ တွင် တမန်တော်ရှင်ပေါလုအကြောင်းကို မြန်မာသမ္မာကျမ်းစာ၌ အောက်ပါအတိုင်း ဋီကာ ဖွဲ့ရေးသားထားသည်။ “အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ Continue reading →

ဆက်ကပ်အပ်နှံမှုရှိသူတစ်ဦး၏ ၀ိသေသလက္ခဏာများ

Characteristics of a Committed person
ယနေ့ ကျွန်ုပ်တို့ လုပ်ဆောင်နေသော အသင်းတော် လုပ်ငန်း၊ သာသနာလုပ်ငန်း (သို့) ဘုရားသခင်စေခိုင်းသော စီးပွါးရေးလုပ်ငန်း (သို့) ပရဟိတလုပ်ငန်း တစ်ခုခု အောင်မြင်ဖို့ရန် အတွက် အဓိက လျှို့ဝှက်ချက် တစ်ခုကား အဘယ်နည်း။ Continue reading →

ဘုရားသခင်ထံ အကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်း

အမည်မသိစာရေးသူ တစ်ယောက်က သည်လိုရေးသားဖူးသည်။ “ဘုရားသခင်ထံ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ ဆက်ကပ် အပ်နှံခြင်းသည် လူသားတို့ အနေနှင့် ဘုရားသခင်အတွက် လုပ်ပေးနိုင်သည့် အရာများတွင် အကောင်းဆုံးနှင့် တန်ဖိုး အရှိဆုံးသော အရာဖြစ်သည်”။ Continue reading →

ရှင်းလင်းပြတ်သားတိကျတဲ့၊ အမှန်တရားအပြည့်ဖြစ်တဲ့ အဖြေကို ဖြေစေလိုသောမေးခွန်း (၂၀၀)

မေး။ ။ အသင်းတော်လား (သို့မဟုတ်) မှားယွင်းသောအယူဝါဒရှိသည့် အစွန်းရောက် အဖွဲ့အစည်းလား။ ဘယ်လိုခွဲခြားသိနိုင်မလဲ။ Continue reading →

တပည့်တော်စစ်စစ် ဖြစ်ဖို့ အဟန့်အတားများ

ခရစ်တော်နောက်သို့လိုက်သည့် တပည့်တော်တိုင်း နောက်ကြောင်းပြန်လှည့်စရာ အကြောင်း အမျိုးမျိုး ကြုံတွေ့ရတတ်သည်။  Continue reading →

အထက်အရပ်မှ ရှုမြင်ခြင်း

Pdf format

စိတ်နှလုံးကို လုံးဝဥဿုံ ဆုံးဖြတ်ချက် ချလျက် မျက်လုံးကိုစုံမှိတ်ကာ အသူရာ ချောက်ကမ်း ပါးထဲသို့ ခြေစုံပစ်၍ ခုန်ချပစ်လိုက်သည်။  အား——နေရာကား ဆန်ဖရန်စစ္စကိုမြို့၊ ပစ္စိဖိတ်ကမ်းခြေတနေရာ Continue reading →

သမိုင်းဝင်မျက်ရည်

ကမ္ဘာကျော်ဘောလုံးသမား တစ်ဦး။ ဗိုလ်လုပွဲတွင် ရှုံးသောအခါ မျက်ရည်တွေတွေကျပုံကို တီဗွီဖန်သားပြင်တွင် တွေ့ခဲ့ရ၏။ ရုပ်ရှင် မင်းသမီးတစ်ဦး။ ဇာတ်ကားအတွင်းမဟုတ်ဘဲ၊ အပြင်တွင်တကယ် မျက်ရည်ကျသည်ကို Continue reading →

ဘုရားကိုဘယ်သူဖန်ဆင်းသလဲ


မောင်စောမင်းထက် ကိုယ်တိုင် မေးမြန်းခံရပြီး ကျွန်တော်ကို ထပ်မံမေးမြန်းတဲ့မေးခွန်းကို ကျွန်တော် တတ်နိုင်သလောက် ဖြေကြား ပေးပါမယ်။ တစ်ကယ်တော့ ဒီမေးခွန်းတွေဟာ Continue reading →

CULTS ခရစ်ယာန်နှင့်အစွန်းရောက်အယူဝါဒ

စာရေးသူ-မောင်ဇလပ်ဖြူ

ကျွန်ုပ်တို့သည် မိမိတို့ယုံကြည်ရာဘာသာတရားကို လွတ်လပ်စွာရွေးချယ်၍ ကိုးကွယ်ခွင့်ရှိ သော လူ့အဖွဲ့စည်းတွင် ယနေ့ အသက်ရှင်နေထိုင်ရသူများဖြစ်သည်။ Continue reading →

ကားတိုင်ထက်ကသခင့်စကား (ရ)ခွန်း

ကျွန်တော် တက္ကသိုလ်  ကျောင်းသားဘ၀တုံးက မဂ္ဂဇင်းစာစောင်တစ်ခုမှာပါရှိတဲ့ ရုပ်ပြောင်ကာတွန်းတစ်ခုကို လွန်စွာ သဘောကျခဲ့ဘူးတယ်။ Continue reading →

ဖခင်များနေ့ပေါ်ပေါက်လာပုံ

အမေရိကန်ပြည်ထောင်စုမှ မစ္စဂျွန်ဘရု(စ်)ဒေါ့(ဒ်) Mrs.John Bruce Dodd သည်မိခင်များကို မေလဒုတိယအပတ်တွင် မိခင်များနေ့အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုသည်ကိုတွေ့ရသဖြင့် ဖခင်များကိုလည်း Continue reading →

ခရစ်ယာန်ဘာသာ၏အနှစ်သာရ

ဤကမ္ဘာပေါ်၌ ဘာသာရေးမြောက်များစွာရှိသည်။ ဘာသာတိုင်း၌ အချက်ကြီးသုံးချက်ရှိသည်။ ၄င်းတို့မှာ

(က) ယုံကြည်လက်ခံခြင်း (Doctrine)
(ခ) ကိုးကွယ်ခြင်း (Rites) နှင့်
(ဂ) ကျင့်ကြံခြင်း (Ethics) များဖြစ်ပါသည်။ Continue reading →

မိမိနှင့် အခြားသူနဲ့ မနှိုင်းယှဉ်ခိုင်းပါ

ယှဉ်ပြိုင်ခြင်း နှင့် အခြားသူများ လိုချင်သည့် ပုံစံအတိုင်း ဘ၀ခရီးလှမ်းခြင်း။

မနေ့က ကျွန်တော် တစ်ခု သတိပြုမိတယ်။ အဲဒါက ဘာလဲဆိုတော့ Continue reading →

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၄)

သူများအပြစ်မည်ကဲ့သို့ဖြေလွှတ်နိုင်မည်နည်း

မည်သည့်အတွက်ကြောင့် အပြစ်ပြုမိသည်ကို စုံစမ်းပြီး သိရန်ကြိုးစားပါ။ Continue reading →

နိုင်ငံတော်အတွက်ပါဝင်ကြစို့

လွန်ခဲ့တဲ့ ၂၀ ရာစု၊ ဥရောပတိုက် ဆွစ်ဇာနိုင်ငံရဲ့ တောင်ပေါ်မြို့ကလေး တစ်ခုမှာ ဘုရားကျောင်း အိုလေးတစ်ခုရှိတယ်။ အိုမင်းရင့်ရော်မှုနဲ့၊ ခေါင်မိုး အုတ်ကြွတ်ပြားတွေ စီတဲ့သစ်သားပြားတွေ ဆွေးမြေ့လွန်းလို့  Continue reading →

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၃)

သူတစ်ပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များ ကိုလွှတ်တော်မူပါ။ Continue reading →

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၂)

မြေကြီးပေါ်၌လည်း အလိုတော်ပြည့်စုံပါစေသော

ယုဒလူမျိုးများ၏  စာရေးနည်း ဟန်ဖြင့် ဖေါ်ပြပြီးသော အချက်အပေါ်ပြန်ဆိုခြင်းသာဖြစ်ပြီး “နိုင်ငံတော် တည်ထောင်ပါစေသော” အကြောင်းအရာနှင့် မထူးမခြား အတူတူပင်ဖြစ်သည်။  Continue reading →

ဆုတောင်းခြင်းအကြောင်း ( မဿဲ ၆း၅-၁၅ ) အပိုင်း (၁)

ဆုတောင်းခြင်း  နှင့်ပတ်သက်၍ သခင်ယေရှု ၀မ်းနည်းခြင်း အကြောင်း တစ်ရပ်မှာ ဘုရားသခင်က  လူ့အလိုကို လိုက်စေ လိုခြင်းအကြောင်း  ဖြစ်သည်။ Continue reading →

The Truth About Resurrection

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Ruth Dillow ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ပင်တဂွန်စစ်ဌါနချုပ် မှ သတင်းဆိုးတစ်ခုကို မမျှော်လင့်ဘဲကြားလိုက်ရတယ်။ Continue reading →

သမ္မာကျမ်းစာသည်ကျွန်တော်တို့ ဘ၀အတွက် မည်သို့အရေးပါသနည်း

“သမ္မာကျမ်းစာမှရရှိသော အသိဥာဏ်ပညာသည် ကောလိပ်ကျောင်းမှ သင်ယူရရှိသော ပညာရေးထက် ပို၍တန်ဖိုးရှိသည်” (Theodore Roosevelt, အမေရိကန် သမတ ဟောင်း) Continue reading →