သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ (ယာကုပ်)

ယာကုပ် ၏နာမည်ကို ကမ္ဘာဦးကျမ်း ၂၅း၂၆ တွင် ပထမဦးဆုံး ဖော်ပြထားသည်ကို တွေ့ရသည်။ ဂျူးလူမျိုး နှင့် နိုင်ငံသည် ယာကုပ်၏ သား ၁၂ ယောက်မှ စတင် သန္တေတည် ဖြစ်ထွန်း သောနိုင်ငံ၊ လူမျိုးဖြစ်သည်။ စစ်စစ် သူသည် ရိုးသားဖြောင့်မတ်သူ တစ်ယောက် မဟုတ်ခဲ့ပါ။ သူ၏ မွေးချင်းအမွာ အကိုဖြစ်သူ ဧသော ကို လိမ်လည်လှည့်ဖြားပြီး သားကြီး အရိုက်အရာ နှင့် သားကြီးသာ ရနိုင်ခွင့် ရှိသည့် ဖခင်၏ ကောင်းကြီးပေးခြင်း ကို အရယူသူ ဖြစ်သည်။ အသက်အရွယ် ကြီးရင့်ပြီး အမြင်အာရုံ မကောင်းတော့သည့် ဖခင်ကြီးကို လှည့်ဖျား ခဲ့သူဖြစ်သည်။ သူ၏ မွေးချင်း အကိုဖြစ်သူက သူ၏ အသက်ကို သတ်ပြီး ဂလဲ့စားချေပါမည် ဟု သစ္စာပြုခြင်းကို ပင်ခံရသောသူ ဖြစ်ပါသည်။ …ဆက်ဖတ်ရန်

Leave a Reply