သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ဒံယေလ)

သူ့ အသက်တာ၏ အထင်ရှားဆုံး ညတွင် လူသားစား ခြသေ့င်္ များနှင့် အတူ ပိတ်လှောင် ထားခြင်းခံရသော သူဖြစ်သည်။ ထိုည သူ၏ အသက် သည် (၈၀) ၀န်းကျင်ခန့်ရှိမည် ဟု ခန့်မှန်းရပြီး၊ သူ့ဘ၀၏ နောက်ဆုံးည ဖြစ်မည်ဟု သူကိုယ်တိုင် ထင်ကောင်းထင်ခဲ့မိပေလိမ့်မည်။ သူ့ကို ရင်းနှီးချစ်ခင်သော သူ့၏မိတ်ဆွေ ဘုရင်ကြီးသည်လည်း ထိုနည်း၎င်းခံစားရ မည်မှာ မြေကြီးလတ်ခတ်မလွဲပင်။ ကလိမ်ကကျစ် အကွက်ဆင်ခြင်း၊ မတရား ထောင်ချောက်ဆင်ခြင်း များ၏ နောက်၊ ခြသေ့င်္ လှောင်ချိုင့် အတွင်း ပစ်ချစေ ဟူသော ပြစ်ဒဏ်စီရင်ခြင်း ကို သူ၏ မိတ်ဆွေ ဘုရင်ကြီး ကိုယ်တိုင် အမိန့်ထုတ်ပြန် ခံရသော ဒံယေလ။ ဘုရင်ကြီးကိုယ်တိုင် ထိုနေ့ တညလုံး စားတော်မခေါ်ဘဲ အစာရှောင် ဆုတောင်း ကောင်းဆုတောင်းနေပေလိမ့်မည်။ သူ ကိုယ်တိုင် အစာရှောင် ဆုတောင်းသကဲ့သို့ လှောင်ချိုင့်အတွင်းမှ ခြသေ့င်္ များလည်း အစာရှောင် ဆုတောင်းနေကြရင် အရမ်း ကောင်းမှာဘဲ ဟု ပင်တချက်တချက် စဉ်းစားနေပေလိမ့်မည်။… ဆက်ဖတ်ရန်