
သီချင်းစာသား – ဖန်နီ ဂျေ ခရိုစ်ဘီ (၁၈၂၀-၁၉၁၅)
တေးရေး – ရောဘတ်လော်ရီ (၁၈၂၆-၁၈၉၉)
“ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက် တော်မူ၏” (ဆာလံ ၃၇း၂၃)။
ဤ ဧ၀ံဂေလိ ဓမ္မသီချင်းမှာ ဆုတောင်းသံကို ဘုရားသခင် နားညောင်းပြီးနောက် ကျေးဇူးတင် ကြောင်းကို ဖော်ကျုးသည့် ဓမ္မသီချင်းဖြစ်သည်။ တစ်ခုသော နေ့၌ ဖန်နီ ဂျေ ခရိုစ်ဘီ ၌ ငါး ဒေါ်လာ အရေးတကြီး လိုအပ်ရာ မည်သို့ ရရှိနိုင်မည်ကို မသိပါ။ သူလုပ်နေကျ အတိုင်း ဆုတောင်းသည်။ မိနစ်အနည်းငယ် အတွင်း၌ လူစိမ်း တစ်ယောက် သည် သူမတံခါးဝ၌ ပေါ်လာကာ လိုအပ်သော ငွေပမာဏ အတိအကျ ယူဆောင်လာသည်။ “ဘုရားသခင်သည် ကျွန်မ၏ ဆုတောင်းသံကို နားညောင်းပြီး ဤငွေကို ယူဆောင်လာလိုသော နှလုံးသားကို တစ်စုံ တစ်ဦး၌ ထည့်ပေးပြီ ဟု မျှော်လင့်ခြင်းမှ အပ ကျွန်မ၌ အခြားပြောပြစရာ မရှိပါ။ …ဆက်ဖတ်ရန်