ဘုရင်ခံ အုပ်ချုပ်ရေးမှူး Bradford သည် အောက်ပါ ကြေငြာချက်ကို ၁၆၂၃ ခုနှစ် တွင်ထုတ်ပြန်ခဲ့သည်။ အချိန်ကား ဥရောပတိုက်မှ အမေရိကန် နိုင်ငံသို့ အန္တလန်တိတ် သမုဒ္ဒယာ ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ရောက်ရှိပြီး တတိယမြောက်နှစ်တွင်ဖြစ်သည်။
“နယ်မြေသစ်ကို ရောက်ရှိသူ အားလုံး သိစေရန် ..
ဘုရားသခင် သည် ယခုနှစ် အတွက် လုံလောက် ရုံမျှကမ ကြွယ်ဝစွာသော ကောက်ပဲသီးနှံများ၊ အင်ဒီယန်းပြောင်းဖူး၊ ဂျုံ၊ ပဲ၊ သခွါးသီး နှင့် ခြံထွက်ဟင်းသီးဟင်းရွက်များ ကို ချပေးသနားလျက် ကောင်းကြီးပေးပါတယ်။ ထို့အပြင် အသားစားဖို့ရန် တောတိရိစ္ဆာန်များ၊ ရေနေသတ္တ၀ါ ငါးများ၊ ကမာ ခရုကောင်များ ကိုလည် အလျှံပယ် ပေးထားတဲ့ အပြင် လူရိုင်း များ၏ အန္တရယ်ပြု ခြင်းမှလည်း အကာအကွယ် ပေးခဲ့ပါတယ်၊ ကပ်ရောဂါ နှင့် ဖျားနာခြင်း အမျိုးမျိုးမှလည်း ချမ်းသာခွင့် ကိုပေးပါတယ်။ ထို့ကြောင့် သင်နှင့် သင့်အိမ်သူ အိမ်သားများ အားလုံး၊ ကလေးသူငယ်များပါ မကျန် နယ်မြေသစ် (Plymouth) ကိုရောက်ရှိသည့် တတိယမြောက်နှစ်။ ခရစ်သက္ကရဇ် ၁၆၂၃ ခုနှစ် နိုဝင်ဘာလ (၂၉) ရက် ကြာသပတေး နေ့၊ (၉) နာရီ မှ (၁၂) နာရီ အတွင်း ပြုလုပ်မည့် ၀တ်ပြု အစည်းအဝေးတွင် တရားဟော ဆရာ၏ တရားဒေသနာ ခံယူရန် နှင့် ဘုရားသခင်ပေးသော ကျေးဇူးတော် အပေါင်းတို့ကို ချီးမွမ်း ထောမနာပြုရန် လာရောက်ပါဝင် ကြစေလိုပါတယ်” ….. (ဆက်ဖတ်ရန်)
.
.




Pingback: What is in your hand? | Calvary Burmese Church