မိတ်ဆွေ တစ်ယောက်က သူကြည့်ဖူးသော Happiness ဟု အမည်ရသည့် documentary ရုပ်ရှင် ကားတစ်ခု အကြောင်း ပြောပြဖူးသည်။ ထို ရုပ်ရှင်ထဲ၌ ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး တိုင်းပြည် (သို့) လူမျိုးသည် ဒိန်းမတ် နိုင်ငံ နှင့် လူမျိုးဖြစ်ကြောင်း ဖော်ပြထားသည် ဟု ဆိုသည်။ မိတ်ဆွေ၏ ပြောပြချက် အရ ဒိန်းမတ် လူမျိုးများသည် အသိုင်းနှင့် အ၀ိုင်းနှင့် နေရခြင်းကို အလေးဂရု ထားကြောင်း၊ ဤအချက်သည် ဒိန်းမတ် လူမျိုးများကို အပျော်ရွှင် ဆုံးလူသားများအဖြစ် သတ်မှတ်ရာတွင် အရေးပါသည့် အချက်များစွာ ထဲမှ အချက်တစ်ချက်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဂျပန် လူမျိုးများသည် ချမ်းသာ ကြွယ်ဝ၍ ကမ္ဘာပေါ်တွင် အသက် အရှည်ဆုံးသော လူမျိုးဖြစ်သော်လည်း အထက်ပါ documentary ရုပ်ရှင်ကားထဲတွင် ပျော်ရွှင်မှု အနည်းဆုံးသော လူမျိုး များထဲတွင် ပါဝင်ကြောင်း တင်ပြထားသည် ဟု ဆိုသည်။ ထိုအခါ မိမိကိုယ်တိုင် ကလည်း ဂျပန်နိုင်ငံတွင် ဆယ်နှစ်ခန့် သွားလာ၊ နေထိုင်အလုပ်လုပ် ကိုင်ခဲ့ ဖူးသဖြင့် ထိုမိတ်ဆွေပြောသော ပျော်ရွှင်မှု အကြောင်းကို စိတ်ဝင်စားလာသည်။ အင်တာနက် ထဲတွင် ပျော်ရွှင်မှု နှင့် ပတ်သက်သော ဆောင်းပါး၊ အဆိုအမိန့် များ ကို ရှာဖွေလေ့လာကြည့်မိသည်။ လူတွေက ပျော်ရွှင်မှု ကို ဘယ်လို ချိန်ပြီး မည်သည့် ပေတံဖြင့် တိုင်းတာကြသည် ကို စိတ်ဝင်စားလာသည်။ (ဆက်ဖတ်ရန်)