
Don’t have Burmese font?… Click here 
မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သော အမှုကို စက်ဆုပ် ရွံရှာကြလော့။ ကောင်းမွန်သော အမှု၌ မှီဝဲဆည်းကပ်ကြလော့။ ညီအစ်ကိုချစ်ခြင်း အရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကို တယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။ (ရောမ ၁၂း ၉-၁၀)
သင်၏အသက်တာ ထာဝရပြောင်းလဲခြင်း ရရှိလိုပါသလား…သင်၏ဘ၀ကို စစ်မှန်သောချစ်ခြင်းတရားဖြင့် တန်ဆာဆင်ပါ။ မည်သည့် အရာကမျှ မပြောင်းလဲစေနိုင်သော အရာများကိုပင် ပြောင်းလဲစေနိုင်သော အရာမှာ ချစ်ခြင်းတရားပင်ဖြစ်သည်။ Continue reading
သာယာပျော်ရွှင်ဖွယ် ကောင်းသော ဘ၀၏ နေ့ရက်များစွာ ကိုဖြတ်သန်းခဲ့ပြီး တစ်ရက်၊ ကျွန်ုပ်၏ လောကခရီးစဉ် ကို အဆုံးသတ်ခဲ့ရသည်။ ပထမဦးဆုံး သတိပြုမိသော အရာကား တရားရုံး တစ်ခု၏ အပြင်ဖက် နားခန်းတွင် မိမိ၏ အလှည့် ကိုစောင့်နေသော သူ တစ်ဦးအဖြစ် မိမိကိုယ်မိမိ မြင်တွေ့လိုက်ရခြင်းတည်း…
သမ္မာကျမ်းစာအုပ်တွင် ယောရှု ၏ နာမည်ကို ထွက်မြောက်ရာကျမ်း ၁၇း၉ တွင် ပထမ ဆုံးအနေနှင့် တွေ့မြင်နိုင်သည်။ ဟေဗြဲ ဘာသာစကား အရ ယောရှု ဟူသော နာမည်၏ အနက် အဓိပ္ပါယ်မှာ “ကိုယ်တော် သည် ကယ်တင်ရှင် ဖြစ်သည် (The Lord is Salvation)” ဟူ၍ ဖြစ်သည်။ ဂျူးလူမျိုးများအတွက် ယနေ့ အစ္စရေးလ် နိုင်ငံ တည်ရာ အရပ်ဒေသ ကို ခါနန် လူမျိုးများ ထံမှ သိမ်းပိုက် တိုက်ခိုက် ခဲ့သော စစ်သူရဲကောင်း သို့မဟုတ် စစ်ဗိုလ်ချုပ်ကြီး ဖြစ်ပြီး ထိုစဉ်အခါ က ခါနန် လူမျိုးများအတွက် ကြောက်လန့် တုန်လှုပ်ဖွယ်ကောင်းသော၊ ရက်စက် ကြမ်းကြုတ်သော လူ့ဘီလူး၊ ရန်သူ စစ်ခေါင်း ဆောင်တစ်ယောက်ဖြစ်သည် ။ ယောရှု မှတ်စာ တွင် ယောရှု နှင့် ပတ်သက်သည့် အသွင်၊ အပြင် လက္ခဏာ အချို့ကို လေ့လာ ကောက်ချက်ချရမည် ဆိုလျှင် – 








December 23, CBC အသင်းတော် ကလေးများ ခရစ္စမတ်နေ့ တွင် presentation ဖြင့် ပါဝင်ကြသော
နားထောင်၍ ကောင်းသော ဤခရစ္စမတ် ဓမ္မသီချင်းကို ၁၉ ရာစု အတွင်းတွင် နာမည်ကြီး တရားဟောဆရာကြီး တစ်ပါးဖြစ်ခဲ့သော Phillips Brooks က ရေးစပ်ခဲ့သည်။ 




ယာကုပ် ၏နာမည်ကို ကမ္ဘာဦးကျမ်း ၂၅း၂၆ တွင် ပထမဦးဆုံး ဖော်ပြထားသည်ကို တွေ့ရသည်။ ဂျူးလူမျိုး နှင့် နိုင်ငံသည် ယာကုပ်၏ သား ၁၂ ယောက်မှ စတင် သန္တေတည် ဖြစ်ထွန်း သောနိုင်ငံ၊![Potter[4]](https://calvaryburmese.church/wp-content/uploads/2012/06/potter4.jpg?w=240&h=180)


















You must be logged in to post a comment.